ကျွန်မနှောင်းသွေး (Fashion designer) သည် small business entrepreneur အဖြစ် 2017ခုနှစ်မှ စတင်၍ Kathit Fashion လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါသည်။ Myanmar First Designer Coach တစ်ယောက်အဖြစ်နဲ့ Kathit Fashion ကို 18.6.2019 မှ စတင်၍ အများနဲ့ မသက်ဆိုင်သော ကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲ တည်ထောင်ခဲ့သည်မှာ ယခုဆိုလျင် လေးနှစ်သက်တမ်းအတွင်းသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ ပထမဆုံး customized order များကို online စနစ်ဖြင့် လက်ခံဆောင်ရွက်ပေးသော ဝန်ဆောင်မှု လုပ်ငန်းနှင့် ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် အမျိုးသား/ အမျိုးသမီး ဝတ်အထည်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းကို online စနစ်ဖြင့် အော်ဒါများလက်ခံပီး မြန်မာပြည်အနှံ့အပြားနှင့် စင်္ကာပူ၊ မလေးရှား၊ထိုင်း၊အမေရိကနိုင်ငံများသို့လည်း delivery စနစ်ဖြင့် အလျင်မြန်ဆုံးပို့ဆောင်ပေးခြင်းဖြင့် Customer အများအပြား၏ စိတ်ကျေနပ်မှုအပြည့်ဖြင့် ယုံကြည်အားပေးဝယ်ယူခြင်းများကို လက်ခံရရှိပီး Company ရဲ့ ပုံရိပ်ကိုလည်း တန်ဘိုးမြှင့်တက်စေခဲ့ပါသည်။
ယခုအခါတွင် share ဝင် Director များထပ်မံခေါ်ယူ၍ အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲပီး အများအကျိုး customer များရဲ့အကျိုး ကို ဆထက်ထမ်းပိုး လုပ်ဆောင်နိုင်ပီး ပြည်သူအများကို ကူညီထောက်ပံ့ပေးနိုင်သည့် ကုမ္ပဏီအဖြစ် ရေရှည်ရပ်တည်နိုင်ရန် ရည်ရွယ်၍ အစွမ်းကုန်ကြိုးဆောင်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
Customer တွေရဲ့ စိတ်ချမ်းသာပျော်ရွှင်မှု နဲ့ Company မှာရှိတဲ့ လူတွေရဲ့ အနာဂတ်ကို လှပစွာ ပုံဖေါ်ထုဆစ်နိုင်ဖို့အတွက် ရည်ရွယ်ထားပီး “ Now to you “ဆိုတဲ့ Kathit Fashion ရဲ့ ဆောင်ပုဒ်လေးနဲ့အညီ customer တွေရဲ့ လိုအပ်ချက်တွေကို အလျင်မြန်ဆုံး ဖြည့်ဆည်းပေးနိုင်မဲ့ Kathit Fashion ဖြစ်ပါတယ်။
ဆန်းသစ် လှပမှုနဲ့ ယုံကြည်စိတ်ချရမှုကို အလျင်မြန်ဆုံး ပေးစွမ်းတာ Kathit Fashion ပါ။
ဆန်းသစ် လှပမှုနဲ့ ယုံကြည်စိတ်ချရမှုကို အလျင်မြန်ဆုံး ပေးစွမ်းတာ Kathit Fashion ပါ။
CEO & Director
CEO & Director
CEO & Director
CEO & Director